အစွန်းရောက်နှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၈၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် ဖမ်း

ဓာတ်ပုံ - စီအန်အန်
1.3K
အရင် ၃ ရက်က ပြုလုပ်ခဲ့တဲ့ စီးနင်းမှုတွေအတွင်း လူ ၈၅၅၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာပါတယ်။
ဖမ်းဆီးထားတဲ့သူတွေထဲမှာ အစ္စလာမ္မစ် စစ်အုပ်စုတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၁၁၉ ဦး ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ဇွန် ၁၃ ရက်က ပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့အပြီး အစွန်းရောက်တွေကို နှိမ်နင်းဖို့အတွက် အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခဲ့စဉ် လက်နက်တွေ အပါအ၀င် မော်တော်ဆိုင်ကယ် ၁၅၀၀ စီးကိုလည်း ရဲတွေက သိမ်းဆည်းခဲ့ပါတယ်။
၁၄ လအတွင်း တိုက်ခိုက်မှု ၃၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် အမေရိကန် သံအမတ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေထဲက ၂၃ ခုဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ပတ်သက်တယ်လို့ ကြေညာခဲ့ပါတယ်။
ဒီလို တိုက်ခိုက်သတ်ဖြတ်မှုတွေအပေါ် အစိုးရက တစုံတရာ မလုပ်ဆောင်ခဲ့ဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။