A d v e r t i s e m e n t With Us

ကမ္ဘာ့စံချိန်တင်ခဲ့ကြသည့် စင်ကာပူ သရဲတစ္ဆေများ (ရုပ်သံ)

နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင် “Ghostbusters” မှာ ပါဝင်တဲ့ မင်းသမီး မယ်လီဆာမက်ကာသီနဲ့ ဒါရိုက်တာ ပေါလ်ဖိတ်ဂ်ျတို့ဟာ စင်ကာပူနိုင်ငံမှာ သူတို့ရဲ့ ပရိသတ်တွေနဲ့အတူ သရဲတစ္ဆေ၀တ်စုံတွေ ၀တ်ဆင်ပြီး စုပေါင်းတွေ့ဆုံခဲ့ကြတာဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန် တင်နိုင်ခဲ့ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက Marina Bay Sands မှာ ပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ၂၆၃ ဦးရှိခဲ့ပြီး ဒါဟာ တနေရာတည်းမှာ သရဲတစ္ဆေ၀တ်စုံတွေနဲ့ လူအများဆုံး စုရုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့အစောပိုင်းမှာ မိုးရွာနေခဲ့ပေမယ့် အမာခံပရိသတ်တွေဟာ ဇာတ်ဝင်ခန်းထဲကအတိုင်း ခေါင်းကနေ ခြေဖျားထိ သရဲတစ္ဆေ၀တ်စုံတွေ၊ မျက်နှာဖုံးတွေတပ်ပြီး ဆင်နွှဲခဲ့ကြတာပါ။ ဒါဟာ ရုပ်ရှင်ဇာတ်ကား အကြိုမြှင့်တင်ပွဲအဖြစ် ပရိသတ်တွေနဲ့ တွေ့ဆုံတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် ဇူလိုင် ၁၄ ရက်နေ့ကျရင် စင်ကာပူနိုင်ငံမှာ ပြသသွားမှာဖြစ်တယ်လို့ ဘဲလ်ဖတ်စ်တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up