Home
မြန်မာသတင်း
မြန်မာ ၅ ဦးထံမှ စိတ်ကြွဆေးအလုံးရေ ၁ သိန်းခွဲခန့် ဖမ်းမိ
DVB
·
June 14, 2016
13435472_550734211766154_3400319461810799287_n
13435340_550734258432816_3142407591457627377_n
13424001_550734191766156_8397922406667554719_n
13413554_550734141766161_8197917299156718704_n
13407152_550734031766172_3580006153601556067_n
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသား ၅ ဦးထံမှ စိတ်ကြွဆေးပြား အလုံးရေ တစ်သိန်းလေးသောင်းကျော် ဖမ်းဆီး ရမိတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ ဇွန်လ ၁၃ ရက် ည ၇ နာရီအချိန် ချစ်ကြည်ရေးတံတားအမှတ် ၁ ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေက အ၀င်အထွက်စစ်ဆေးနေရာမှာ မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ ၀င်ရော က်လာတဲ့ အဖြူရောင် အိမ်စီး မြန်မာကားနံပါတ် SHN-6H-2500 ပေါ်ကနေ အဆိုပါ စိတ်ကြွဆေးတွေဖမ်းမိတာလို့ မယ်ဆိုင်စစ်ဆေးရေးဂိတ်မှူး နန်းဆီရီဖန်း ၀ိဆုခ်ထိဖောင်းဖွန်းက သတင်း စာရှင်းပွဲ မှာ ပြောပါတယ်။ သူတို့ဟာ စိတ်ကြွဆေးပြားတွေကို ပလပ်စတိတ်အိတ်နဲ့ထည့်ထားပြီး အပေါ်က မုန့်ထုတ်တွေနဲ့ ဖုံးအုပ်လာခဲ့တာလို့ ဆိုပါတယ်။ ယာဉ်မောင်းသူမှာ ကျော်မင်းစိုး ဆိုသူဖြစ်ပြီး ကားပေါ်မှာ သူအပါအ၀င် မြန်မာနိုင်ငံသားပေါင်း ၆ ဦး လိုက်ပါလာခဲ့ကြောင်း၊ နန်းဟွမ်ဆိုသူ အမျိုးသမီးမှာ ယာဉ်စစ်ဆေးနေစဉ် အခွင့်ကောင်းယူပြီး ကားပေါ်မှ ဆင်းပြေးသွားတယ်လို့ ဂိတ်မှူးမှ ဆက်ပြောပါတယ်။ သူ့ကို ပြန်ဖမ်းမိဖို့ မြန်မာရဲတပ်ဖွဲ့ဘက်ကို အကြောင်းကြား ထားကြောင်း၊ လောလောဆယ် ဖမ်းဆီးရမိထားသူ ၅ ဦးမှာ ကျား ၃ ဦး (ကျော်မင်းစိုး၊ ထွန်းရီ၊ စိုးအောင်မိုး) နဲ့ မ ၂ ဦး (မြင့်မိုထွေး ၊ ငယ်မိုထွေး) တို့ဖြစ်ပြီး  သူတို့ကို မယ်ဆိုင်ရဲစခန်းမှ  တစ်ဦးချင်း စစ်ဆေးနေကြောင်း သတင်းမှာ ဖော်ပြ သွားပါတယ်။ (မြန်မာအမည်များမှ ထိုင်းဘာသာအသံထွက်အနီးစပ်ဆုံးယူထားခြင်းဖြစ်ပါသည်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024