တူရကီနိုင်ငံခြားရေးဝန်ကြီး စစ်ဘေးရှောင်ပြည်သူများကို ဆန်အိတ်များလှူဒါန်း
DVB
·
June 14, 2016
တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇွန် ၁၃ ရက် ညနေ ၅ နာရီခွဲမှာ ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ကာ တိုက်ပွဲရှောင် ပြည်သူတွေအတွက် ဆန်အိတ် ၅၀၀ လှူဒါန်းခဲ့ပါတယ်။
တူရကီဝန်ကြီးနဲ့အဖွဲ့ဟာ နတလ သင်တန်းကျောင်းကိုလည်း ဝင်ရောက်လေ့လာခဲ့ပြီး စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် ဗလီမှာ ဒေသခံတွေနဲ့ ရာမဒန်ဥပုသ်ဝတ်ပြုတာနဲ့ ဝါဖြေအစာစားပြီး ဒေသခံ မွတ်စလင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ည ၈ နာရီခွဲမှာ စစ်တွေမြို့က ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။
(သတင်း-ကိုအောင်၊ ဓာတ်ပုံ - ဖိုးလုံး)