ကိုပါအမေရိက မက္ကဆီကို ၁ – ၁ ဗင်နီဇွဲလား၊ ဥရုဂွေး ၃ – ၀ ဂျမေကာ (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၄ ရက်မှာ ကစားတဲ့ ကိုပါအမေရိက အုပ်စု စီက မက္ကဆီကိုနဲ့ ဗင်နီဇွဲလားတို့ ၁ ဂိုးစီ သရေကျပြီး ဥရုဂွေးက ဂျမေကာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မက္ကဆီကိုနဲ့ ဗင်နီဇွဲလားတို့ဟာ အုပ်စုကနေ ဒုတိယအဆင့်ကို တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ပွဲစပြီး ၁၀ မိနစ်မှာ ဗင်နီဇွဲလားအသင်းက အဖွင့်ဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၈၀ ရောက်မှသာ မက္ကဆီကိုအသင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့တဲ့အတွက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘောလုံးပိုင်ဆိုင်ခွင့်နဲ့ ဂိုးပေါက်ကန်သွင်းခွင့်တွေကို မက္ကဆီကိုအသင်းက အသာစီး ရယူထားပါတယ်။ အုပ်စု စီ ဒုတိယပွဲမှာတော့ ဥရုဂွေးက ဂျမေကာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ၂၁ မိနစ်မှာ ဥရုဂွေးအသင်းက အဖွင့်ဂိုး စတင်သွင်းယူပြီး ၁ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ဂျမေကာက ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဥရုဂွေးတို့ ဒုတိယဂိုး ရရှိခဲ့သလို ၈၉ မိနစ်မှာ တတိယဂိုး ထပ်မံသွင်းယူသွားပြီး ၃ဂိုး ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ အုပ်စု စီမှာ ၃ ပွဲကစားအပြီး မက္ကဆီကိုက ၇ မှတ်နဲ့ ပထမ၊ ဗင်နီဇွဲလားက ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယ ရရှိခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။ ဥရုဂွေးကတော့ ၃ မှတ်နဲ့ အုပ်စု တတိယ၊ ဂျမေကာကတော့ တမှတ်မှ မရရှိဘဲ ၂ သင်းစလုံး အုပ်စုအဆင့်ကနေ ထွက်သွားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up