A d v e r t i s e m e n t With Us

ဘယ်လ်ဂျီယံကို ၂ ဂိုးပြတ်ဖြင့် အီတလီ အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၁၃ ရက်ညက ယှဉ်ပြိုင်တဲ့ ယူရို ၂၀၁၆ အုပ်စု အီး ပွဲစဉ်မှာ အီတလီက ဘယ်လ်ဂျီယံကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ အီတလီအသင်းအတွက် အနိုင်ဂိုးတွေကို ဂီယာချီရီနီ (Giaccherini) နဲ့ ပဲလီ (Pelle) တို့က သွင်းပေးခဲ့ပါတယ်။ ကစားချိန် ၃၂ မိနစ်မှာ ဘိုနူချီ (Bonucci) ဘယ်လ်ဂျီယံ ဂိုးပေါက်ရှေ့ လွတ်လွတ်ကျွတ်ကျွတ် တင်ပေးလိုက်တဲ့ ဘောလုံးကို ဂီယာချီရီနီက ဘယ်ခြေနဲ့ထိန်းပြီး ညာခြေနဲ့ လှလှပပ ကန်သွင်းခဲ့လို့ အီတလီ အဖွင့်ဂိုး ရခဲ့တာပါ။ အဲဒီနောက် နှစ်ဘက်စလုံး အပြန်အလှန် တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးမရခဲ့ကြပါဘူး။ ပွဲပြီးခါနီး  ၉၂ မိနစ်မှာတော့ ကန်ဒရီဘာ ကန့်လန့်ဖြတ် တင်ပေးလိုက်တဲ့ ဘောလုံးကို ပဲလီက ဂိုးပေါက်ရှေ့ကနေ အပိုင်ကန်သွင်းခဲ့လို့ အီတလီ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အီတလီအသင်းကို လွန်ခဲ့တဲ့ ၄၄ နှစ်လုံး အရှုံးပေးခဲ့ရတဲ့အတွက် ဒီပွဲမှာ ပထမဆုံး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up