ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောတိုက်ရာက မြေပြို၊ လူနေအိမ် ၁ လုံး ပါဝင်
DVB
·
June 13, 2016
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ ဒီနေ့ ညနေပိုင်းက ရွှေမျောတိုက်ရာကနေ မြေပြိုပြီး လူနေအိမ်တလုံးလည်း မြေပြိုတဲ့အထဲ ပါဝင်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ် နမ့်တောဒေသ ထိန်ကုန်းကျေးရွာအတွင်းရှိ ရန်ကင်းအောင်ရပ်ကွက်အနီးမှာ အောင်ပြည့်ပြည့်ဖြိုး ကုမ္ပဏီမှ ရွှေမျောတိုက်ရာ လူနေအိမ်အပါအဝင် ပစ္စည်းတွေ မြေပြိုတဲ့အထဲ ပါသွားခဲ့တာပါ။
မြေပြိုတဲ့အတွက် နေအိမ်တလုံးအပါအ၀င် အိမ်ထဲရှိပစ္စည်းအားလုံးနဲ့ ဆိုင်ကယ် ၁ စီးဆုံးရှုံးခဲ့ပြီး မွေးမြူထားတဲ့ ဝက် ၁၅ ကောင် မြေပိဆုံးရှုံးခဲ့ပါတယ်။
နောက်ထပ် မြေပြိုမှုဖြစ်နိုင်တဲ့ စိုးရိမ်ရတဲ့ လူနေအိမ် ၃ လုံးနဲ့ မိသားစုဝင်တွေကိုလည်း ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံ ဦးအောင်စိုးသိန်းမှ ပြောပါတယ်။
(သတင်း၊ ဓာတ်ပုံ - ဌေးလှိုင်)