A d v e r t i s e m e n t With Us

သဘာဝဘေးကျန်းမာရေးစောင့်ရှောက်မှု ဖုန်းဆက်အကူအညီတောင်းနိုင်

သဘာဝဘေးအန္တရာယ်ဖြစ်ပွားကျရောက်မှုတွေကြောင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ ဖုန်းနံပါတ်တွေကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သဘာဝဘေးပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲ ဖုန်းနံပတ် ၀၆၇ - ၄၂၀၈၆၉၊ ၀၆၇ - ၄၂၀၈၈၅ နဲ့ ညွှန်ကြားရေးမှူးဖုန်း - ၀၆၇ - ၄၂၀၂၆၈၊ ၀၆၇ - ၄၂၀၈၀၂ တွေကို ဆက်သွယ်အကူ အညီတောင်းခံနိုင်တာ ဖြစ်ပါတယ်။ အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကလည်း သဘာဝ ဘေးဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်ပြီး သတင်းပေးပို့လိုပါက Hotline ဖုန်းနံပါတ် ၀၆၇-၄၀၄၆၆၆နဲ့ (၀၆၇-၄၀၄၇၇၇) တို့ကို သတင်းပေးပို့ဆက်သွယ်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။ လတ်တလော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုတွေကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up