Home
မြန်မာသတင်း
ဘိုကလေးတွင် အမျိုးသမီးတဦး မိကျောင်းကိုက်ခံရ၍ သေဆုံး
DVB
·
June 13, 2016
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာမှာ အမျိုးသမီးတဦး မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဆင်အိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် မခိုင်ခိုင်ဦးဟာ ချောင်းထဲ ရေစပ်အနီး ဘဲခြံမှာ ဘဲစာကျွေးပြီး ဘဲစာပုံးကို ရေစပ်သို့ ဆင်းအဆေးတွင် မိကျောင်းကိုက်ချီသွားခဲ့တာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ မခိုင်ခိုင်ဦးရဲ့ အမျိုးသားဟာ လယ်ယာလုပ်ငန်းနဲ့ ဘဲမွေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ၃ နှစ်အရွယ်သား ၁ ဦးနဲ့ ၄၈ ရက်သား ၁ ဦး တို့ ကျန်ရှိခဲ့ပါတယ်။ အခုလို မိကျောင်းကိုက်မှု ဖြစ်စဉ်မျိုး နှစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာ ရွှေပြည်အေးကျေးရွာမှ တတိယတန်း ကျောင်းသား ၁ ဦးနဲ့ ၂ဝ၁၄ ခုနှစ်မှာလည်း ဆတ်ကျွန်းရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး ၁ ပါး၊ ၂ဝ၁၅ ခုနှစ်မှာ ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ ကိုကုလားကြီးတို့ မိကျောင်းကိုက်ခံခဲ့ရတဲ့အတွက် သတိပြုနေထိုင်ဖို့ ဆင်အိုင်ကျေးရွာ ဒေသခံတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး အစိုးရသတင်းမှာဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024