မြန်မာပြည်စေျးကွက်တွင်း ဖြန့်ဖြူးရောင်းချနေတဲ့ တရုတ်၊ ထိုင်းနဲ့ ၊ ပါကစ္စတန် ကုမ္ပဏီ ထုတ် ဆေးဝါး ၁၀ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင် ဆေးဝါးတွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
အများပြည်သူတွေအနေနဲ့ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေကို ၀ယ်ယူသုံးစွဲ တာတွေမလုပ်ကြဖို့ နဲ့ မိမိတို့သုံးစွဲနေတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သံသယတစုံတရာရှိပါက သတင်းပေးပို့ အကြောင်းကြားဖို့ ကျန်းမာရေးဌာနက တိုက်တွန်းပါတယ်။
ဒ့ါအပြင် ဆေးဝါးတင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေနဲ့ ဆေးဆိုင်တွေအနေနဲ့လည်း မှတ်ပုံတင် ထားခြင်း မရှိတဲ့ ဆေးဝါးတွေ၊ ဆေးဝါး အတုတွေနဲ့ စံမညီဆေးဝါးတွေကို တင်သွင်းဖြန့်ဖြူး ရောင်းချ ပါက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ တရားစွဲဆိုအရေးယူမယ်လို့လည်း သက်ဆိုင်ရာက အသိပေးကြေညာထားပါတယ်။
တရားမ၀င်ဆေးဝါးတွေအဖြစ် ကြေညာထားတဲ့ဆေးဝါးအမျိုးအစားတွေနဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။