A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ဂုဏ်ပြုပွဲနှင့် သင်္ကြန်ပွဲတော် ဂျပန်တွင် ကျင်းပ (ဓာတ်ပုံ)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို ဂုဏ်ပြုပွဲနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နဂိုယာမြို့ရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ကျင်းပခဲ့ပါတယ်။ ဧပြီလမှာ ဂျပန်နိုင်ငံအတွင်း ရာသီဥတု အေးချမ်းတဲ့အတွက် နှစ်စဉ် ဇွန်လမှာပြုလုပ်ခဲ့ကာ အကြိမ် ၂၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ၊ အစားအစာနဲ့ ဝတ်စားဆင်ယင်မှုတွေကို ဂျပန်လူမျိုးများ အပါအ၀င် နိုင်ငံခြားသားတွေ သိစေဖို့နဲ့ ဂျပန်ရောက် မြန်မာလူမျိုးအချင်းချင်း မိသားစုဝင်တွေလို ရင်းနှီးချစ်ခင်စေဖို့ ရည်ရွယ်ပြီး ကျင်းပရတာလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ တိုကျိုမြို့တော်ပြီးရင် နာဂိုယာမြို့မှာ မြန်မာလူမျိုး ဒုတိယအများဆုံး နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့အကြို ဂုဏ်ပြုပွဲကိုလည်း ပူးတွဲကျင်းပခဲ့ပြီး မွေးနေ့ဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး နဂိုယာမြို့ အနီးတ၀ိုက်က ဂျပန်လူမျိုးများ အပါအ၀င် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ၂၀၀ ကျော် လာရောက်ပူးပေါင်း ဆင်နွှဲခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်  

A d v e r t i s e m e n t With Us

More News
Up