A d v e r t i s e m e n t With Us

ကမ္ဘာ့ချန်ပီယံ ဂျာမနီ ယူကရိန်းကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၂ ရက်ညက ယှဉ်ပြိုင်တဲ့ ယူရို ၂၀၁၆ အုပ်စု စီ ပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံ ဂျာမနီက ယူကရိန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အဖွင့်ပွဲမှာ အနိုင်ရလိုက်တဲ့  ဂျာမနီအသင်းဟာ ဥရောပဖလားကို လေးကြိမ်မြောက်ရရှိဖို့ မျှော်မှန်းနေပါပြီ။ ဂျာမနီအတွက် အဖွင့်ဂိုးကို  ၁၉ မိနစ်မှာပဲ တိုနီ ခရူး ဖရီးကစ် ကန်တင်ပေးလိုက်တာကို ဗဟိုခံစစ် ကစားသမား မူစတာဖီက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီက တဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ရှဝိန်း စတိုင်ဂါက အနီးကပ် အပိုင်ကန်သွင်းပြီး ဂျာမနီက ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ဥရောပချန်ပီယံဖလားကို ရရှိခဲ့ပြီး နောက်ထပ်သုံးကြိမ်လည်း ရရှိဖူးပါတယ်။ နောက်တပွဲကတော့ လာမယ့် ဇွန်လ ၁၆ ရက်ကျရင် ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up