ရှန်ဟိုင်းလေဆိပ်တွင်း ယနေ့ နေ့လယ်ပိုင်း ပေါက်ကွဲခဲ့မှု ရုပ်သံ ထွက်ပေါ်

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ပူဒေါင်လေဆိပ်မှာ ဒီကနေ့နေ့လယ်ပိုင်းက အသေးစား ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ တရုတ်အာဏာ ပိုင်တွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၂၀ မိနစ်မှာ လေဆိပ်ဝင် ပေါက်စစ်ဆေးရေးဧရိယာအနီးမှာ ဖြစ်ခဲ့ပြီး လက်လုပ်ဗုံးတလုံးကြောင့် ဖြစ်နိုင်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက သူတို့ရဲ့ ဝေဘိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးခဲ့ပါ တယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးကို ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားခဲ့ပြီး သူတို့ရဲ့ လက်ရှိအခြေအနေကိုတော့ မပြောနိုင်သေးဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ပူဒေါင်လေဆိပ်ဟာ ခရီးသည်အ၀င်အထွက်များတဲ့ လေဆိပ်တခုဖြစ်ပြီး ဒီပေါက် ကွဲမှုကြောင့် ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတာတွေတော့ မရှိဘူးလို့ လေဆိပ်စီမံခန့်ခွဲ ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၃၀ အရွယ် ခရီးသည်တဦးဖြစ်တဲ့ နီဘိုဝမ်ကတော့ သူဟာ ဖိလစ်ပိုင် လေကြောင်းလိုင်းနဲ့ ခရီးသွားဖို့ စောင့်ဆိုင်းနေခဲ့ချိန်မှာ လေဆိပ်ခန်းမဆောင်ထဲမှာ ကျယ်လောင်တဲ့ အသံကြီးထွက်ပေါ်လာကာ ခရီးသည်တွေဟာ ထွက်ပြေးခဲ့ကြရတယ် လို့ ပြောပါတယ်။
“အဲဒီအချိန်မှာ ကျမခြေထောက်ဆီ မီးခိုးလုံးဖြူဖြူကြီးတွေနဲ့ ဘီယာပုလင်းတလုံး လိမ့်လာတယ်။ ကျမလည်း ဘာဖြစ်မှန်းမသိပဲ ကြောက်လန့်ပြီး ချက်ချင်းထွက်ပြေးခဲ့ရ တယ်”လို့ နီက ပြောပါတယ်။
လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့ရတဲ့ နေရာအနီးတ၀ိုက်ကို လူတွေမ၀င်ရောက် နိုင်စေဖို့ ရဲတွေက စောင့်ကြပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။