A d v e r t i s e m e n t With Us

ဘီကီနီဝတ်စုံဖြင့် မီးတောင်ပေါ်ဖြတ် အမြင့်ခုန်ပျံဝဲပြခဲ့သည့် စတန့်မယ်(ရုပ်သံ)

အီတလီနိုင်ငံမှ အမျိုးသမီးစတန့်မယ်တဦးဟာ ဘီကီနီဝတ်စုံပုံစံချုပ်ထားတဲ့ အမြင့်ခုန်လေထီးဝတ်စုံဝတ်ဆင်ကာ မီးတောင်တလုံးအပေါ်ကနေ ဇွန်လ ၁၁ ရက်နေ့မှာ စွန့်စားပျံဝဲကာ ခုန်ချပြခဲ့ပါတယ်။ ရောဘာတာ မန်ချီနိုအမည်ရတဲ့ အဆိုပါ စတန့်မယ်ဟာ တခြားအမြင့်ခုန်သမား ၂ ဦးနဲ့အတူ မီးတောင်ထိပ်ဝဆီ တိုက်ရိုက်ပျံဝဲပြီး သက်စွန့်ဆံဖျား စွန့်စားခုန်ချခဲ့ချိန်မှာ ကိုယ်တိုင် ဗွီဒီယိုမှတ်တမ်းရိုက်ယူခဲ့တာလို့ yahoo သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ခုန်ချလိုက်ပြီး လေထီးကို မဖွင့်ခင်မှာ အဲဒီ ချီလီယမ်အမည်ရတဲ့ မီးတောင် ထိပ်ဝကနေ ချော်ရည်ပူတွေ၊ မီးခိုးလုံးတွေထွက်နေခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်နေ ခဲ့ရတာပါ။ မန်ချီနိုဟာ ကောင်းကင်အမြင့်ခုန်စွန့်စားပျံသန်းမှု အကြိမ်ရေ ၇ ထောင်ထက်မနည်း စတန့်ထွင်မှုတွေလုပ်ခဲ့တဲ့ ၀ါရင့်အမြင့်ခုန် လေထီးစတန့်မယ်တဦးဖြစ်ပါတယ်။ သူဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပရိသတ်အခိုင်အမာ ရရှိထား သူတဦးဖြစ်ကာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up