A d v e r t i s e m e n t With Us

တိုက်လေယာဉ် ဗုံးကြဲမှုနှင့် အမြောက်ဆန်များကြောင့် အိုင်အက်စ် ၃၀ ကျော် သေဆုံး (ရုပ်သံ)

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ဂျက်တိုက်လေယာဉ်တွေက ကြဲချတဲ့ ဗုံးတွေနဲ့ တူရကီ အမြောက်ဆန်တွေ ထိမှန်ပြီး ဆီရီးယား မြေပေါ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက် အဖွဲ့ဝင် ၃၁ ဦး သေဆုံးသွားတယ်လို့ ဒိုဂန်သတင်းမှာ ဖော်ပြပါတယ်။ တူရကီစစ်တပ်က ဆီရီးယား မြောက်ပိုင်းမှာ ရှိတဲ့ အိုင်အက်အဖွဲ့ရဲ့ လက်နက် တိုက်တွေကို ပစ်မှတ်ထားပြီး ၃၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းဌာနတခုဖြစ်တဲ့ ဒိုဂန် သတင်းအေဂျင်စီက ဇွန် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့က အလပ္ပိုမြောက်ပိုင်းက ဒေသ ၂ ခုကို ပစ်မှတ်ထားပြီး  စစ်ဆင်ရေး ၉ ကြိမ် ပြုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ အိုင်အက်စ်အဖွဲ့က ပစ်ခတ်တဲ့ အမြောက်ဆံ ထိမှန်ပြီး တူရကီနိုင်ငံ နယ်စပ်မှာ လူ ၂၀ လောက် သေဆုံးခဲ့ပါတယ်။ နေတိုးစစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း စစ်ဆင်ရေးမှာ ပူးပေါင်းပြီး အိုင်အက်အဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးမှာ ပါဝင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up