ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးများ ဖမ်းမိ



1K
မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ တပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ကျော်နဲ့ ဘိန်းစာမှုန့်အထုပ် ၃၀၀ လောက့်ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စုမှာ ဇွန် ၆ ရက်နေ့က အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ရေကန်တောင်ကျေးရွာ၊ အမှတ် ၁ ရပ်ကွက်နေ ကိုဖြိုးကိုဦး နေအိမ်မှာ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေကြရာ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား ၅၀၀၀ ကျော်ကို သိမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ (အထက်) လအဲကျေးရွာမှာ မြိတ်မြို့ကနေ မောင်းနင်းလာတဲ့ ခရီးသည်တင်စက်လှေပေါ်ပါ ခရီးသည်တဦးထံမှ စိတ်ကြွဆေးပြား ၂၃၇၇ ပြားနှင့် ဘိန်းစာမှုန့် အထုပ် ၂၉၇ ထုတ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ကျွန်းစုမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၇၄၆၅) ပြားနဲ့ ဘိန်းစာမှုန့် ၂၉၇ ထုပ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း ယာယီရဲမှူး တင်ထွန်းအောင်က ပြောပါတယ်။
သတင်း - မြတ်ထွဋ် မြိတ်၊ ဓာတ်ပုံ - ကျွန်းသား