A d v e r t i s e m e n t With Us

ကင်ညာဘဏ်တွင်း သေနတ်သမား ၄ ဦး ဓားပြတိုက်သည့် ရုပ်သံဖိုင်ထွက်ပေါ်

ကင်ညာနိုင်ငံ၊ ကင်နိုကီယမ်ဘူခရိုင်ထဲက အမ်ပီဆာဘဏ်ငွေလွှဲစင်တာတခုထဲမှာ သေနတ်သမား ၄ ဦးက စီးနင်းဝင်ရောက်ပြီး ဓားပြတိုက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာ ဖြစ်ခဲ့ပြီး ဘဏ်တွင်းတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ အဆိုပါ သေနတ်သမား ၄ ဦးဟာ ရှီလင်ငွေ ၃ သိန်းခွဲကို ယူဆောင်ပြီး ထွက်ပြေး သွားခဲ့ကြတယ်လို့ ကင်ညာအခြေစိုက် ကေတီအဲန်သတင်းမှာ ဖော်ပြပါတယ်။ အမ်ပီဆာဘဏ်ဟာ ကင်ညာနိုင်ငံနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာ အခြေစိုက်ကာ မိုဘိုင်းလ်ဖုန်းမှတဆင့် ငွေလွှဲတာတွေ အသေးစားငွေချေးလုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သေနတ်သမား ၄ ဦးဟာ ဘဏ်တွင်းရှိသူတွေနဲ့ ၀န်ထမ်းတွေကို သေနတ်နဲ့ချိန်ကာ ခြိမ်းခြောက်ပြီး ငွေတွေကို ရယူထွက်ပြေးသွားခဲ့ကြတာ တွေ့ရပါတယ်။ ရဲတွေကတော့ ရုပ်သံမှတ်တမ်းက ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အဆိုပါ သေ နတ်သမား ၄ ဦးနဲ့ ပတ်သက်တဲ့ သံသယဖြစ်ဖွယ်တွေ့ရှိရင် သတင်းပေးပို့နိုင်ဖို့ ညွှန် ကြားထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up