Home
မြန်မာသတင်း
သံတွဲတွင် ကျေးရွာ ၁၅ ရွာ ရေနစ်မြုပ်နေ
DVB
·
June 12, 2016
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၀ ရက် မွန်းလွဲပိုင်းကစပြီး သံတွဲမြို့နယ်၊ ကျေးရွာ ၁၅ ရွာမှာ ရေနစ်မြုပ်နေတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက သတင်းထုတ်ပါတယ်။ ကနဦးသတင်းရရှိမှုများအရ ရေနစ်မြုပ် ကျေးရွာတွေမှာ ရေ (၆) ပေမှ (၈) ပေခန့်အထိ မြင့်တက်နေပြီး သံတွဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ရေဘေးလွတ်ကင်းတဲ့ နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို စက်လှေတွေနဲ့ ရွှေ့ပြောင်းပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ Hotline ဖုန်းများဖြစ်တဲ့  ၀၆၇-၄၀၄၆၆၆၊  ၀၆၇-၄၀၄၇၇၇  တွေကို ဆက်သွယ်သတင်းပေးပို့လာမှုအရ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သတင်းဓာတ်ပုံ - MOI  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024