A d v e r t i s e m e n t With Us

ဆီးရီးယားတွင် အသေခံဗုံးခွဲ၊ အနည်းဆုံး ၈ ဦး သေဆုံး(ရုပ်သံ)

ဆီးရီးယား ဒမက်စကက်မြို့မှာ ဇွန် ၁၁ ရက်နေ့က အသေခံ ဗုံးခွဲ မှု ၂ နေရာမှာ ဖြစ်ခဲ့ပြီး လူ ၈ ယောက်ထက် မနည်း သေဆုံးသွားပါတယ်။ နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းမှာ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ ဒမက်စကက်မြို့ထဲက စာရဒ္ဒါ ဇိန္နက် နယ်မြေထဲမှာ ဖြစ်ပြီး ဆွန်နီ အိုင်အက်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာဟာ ရှီယိုက် မွတ်စလင်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်းနဲ့ နီးကပ်တယ်လို့  အီခါ ဘာရီယာ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up