A d v e r t i s e m e n t With Us

ဘန်ကောက် အနှိပ်ခန်းအမှုဆောင် ၅ ဦးကို လူကုန်ကူးမှုဖြင့် တရားစွဲ

ထိုင်းနိုင်ငံ ဘန်ကောက် ဟွေ့ခွမ်မြို့နယ် ရာ့ခ်ျဒါးဖိဆစ်နယ်မြေရှိ Nataree ဖျော်ဖြေရေး အနှိပ်ခန်းကို ၀င်ရောက်စီးနင်းခဲ့ပြီး အမှုဆောင် ၅ ဦးကို လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမားတွေကို ခိုလှုံခွင့်ပေးမှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ စွဲဆိုခံရသူ ၅ ဦးလုံးက အနှိပ်ခန်းကို စီမံခန့်ခွဲနေတဲ့သူတွေလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။ ဇွန် ၇ ရက်က အနှိပ်ခန်းကို စီးနင်းစဉ် လိင်လုပ်သမား ၁၂၁ ဦးကို ဖမ်းဆီးခဲ့ရာမှာ ၇၇ ဦး ဟာ မြန်မာနဲ့ လာအိုက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ပါတယ်။ ဒီ ၇၇ ဦးထဲက ၅၇ ဦးဟာ အလုပ်လုပ်ခွင့် ခွင်ြ့ပုချက်မရှိသလို ကျန်တဲ့သူတွေက အလုပ်လုပ်ခွင့်ပြုချက်မှာပါတဲ့ အလုပ်နဲ့ မတူတဲ့ အလုပ်တွေကို လုပ်နေတယ်လို့ ထိုင်း ပီဘီအက်စ်သတင်းက ရေးပါတယ်။ ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းအလုပ်သမား အားလုံးဟာ အမြဲတမ်း နေထိုင်တဲ့ လိပ်စာမရှိတဲ့အတွက် အာမခံပေးဖို့ ရဲတပ်ဖွဲ့ရဲ့ ငြင်းဆိုချက်ကို တရားရုံးက အတည်ပြုပါတယ်။ ဖမ်းဆီးထားတဲ့အထဲက အသက် ၁၈ နှစ်အထက် ထိုင်းအမျိုးသမီး ၂၃ ဦးကို ပြည့်တန်ဆာဥပဒေနဲ့အညီ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။ ကျန်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ပြည်တန်ဆာအိမ်မှာ အလုပ်လုပ်သလို လုပ်ခွင့်မရှိတဲ့ အလုပ်ကို လုပ်တယ်လို့ ၀န်ခံတဲ့ အတွက် တရားရုံးက တဦးကို ဒဏ်ငွေ ၄၅၀၀ ချပြီး လွှတ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up