Live
Home
မြန်မာသတင်း
ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 11, 2016
ကလေးမြို့ ဗိုလ်ချုပ်လမ်း ကမ္ဘောဇဘဏ်အနီးမှာ ဇွန် ၁၀ ရက်နေ့ ည ၁၀ နာရီ အချိန်လောက်က မူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ “ကျနော်တို့ ည ၁၀ နာရီလောက်မှာ သတင်းရလို့ စောင့်ဆိုင်းခဲ့တာကနေ လူတစ်ယောက်ကို တွေ့လို့ စစ်ဆေးမယ်လုပ်တော့ အထုပ်တထုပ်ကို လမ်းဘေးပစ်ပြီး ထွက်ပြေးသွားလို့ လိုက်ဖမ်းပြီး သူပစ်ထားတဲ့ အထုပ်ကို စစ်ဆေးတာ ဘိန်းဖြူပင်နင်စလင်ပုလင်း ၈ လုံးကို တွေ့တယ်” လို့ ကလေးမြို့ ခရိုင်မူးယစ်နှိမ်နင်းရေးခေါင်းဆောင် ရဲအုပ် သီဟက ပြောပါတယ်။ ဒီနောက်မှာတော့ ထွက်ပြေးသွားတဲ့သူကို ဖမ်းဆီးမိခဲ့ပြီး နေအိမ်မှာ ဆက်လက်ရှာဖွေရာမှာလည်း ဘိန်းဖြူပင်နင်စလင်ပုလင်းတွေ ထပ်မံ သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။ “သူ့ကို ပစ္စည်းတွေနဲ့အတူ လမ်းဘေးမှာပဲ ဖမ်းမိပြီး သူနေတဲ့အိမ်ကိုပါ သွားစစ်တော့ သူ့အမျိုးသမီးက အ၀ါရောင်ပီနံအိတ်ကို အိမ်နောက်ဖေးလွှင့်ပစ်တာနဲ့ အဲ့ဒီပီနံအိတ်ကိုပါ ပြန်ရှာစစ်လိုက်တော့ အဲ့ဒီအိတ်ထဲက ဘိန်းဖြူ ပင်နင်စလင် ၃ လုံးပါ ထပ်တွေ့တယ်။ သူ့အမျိုးသမီးကိုပါ ဖမ်းဆီးထားတယ်။” မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ ကိုသန်းကိုနဲ့ ဇနီးဖြစ်သူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲဆိုနိုင်ဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ကလေးမြို့နယ် နတ်မြောင်းကျေးရွာနေ မူးယစ်ဆေးဝါးရောင်းချသူ ထွန်းထွန်းထံကနေ ဘိန်းဖြူ ပင်နင်စလင်ပုလင်း ၉ ပုလင်း ဖမ်းဆီးနိုင်ခဲ့သလို ဇွန် ၈ ရက်နေ့ကလည်း အင်းဒင်ရွာနေ ကိုသီဟထွန်းထံကနေ မူးယစ်ဆေးဝါးသက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024