ညီအစ်ကို ၂ ဦး ထိပ်တိုက်ဆုံမည့် အယ်လ်ဘေးနီးယားနှင့် ဆွစ်ဇာလန်

တူးလင့် နှင့် ဂရင်းနစ်
1.1K
ပြင်သစ်နိုင်ငံ လန့်မှာ ဇွန် ၁၁ ရက်နေ့ ကစားမယ့် အယ်လ်ဘေးနီးယားနဲ့ ဆွစ်ဇာလန်ပွဲမှာ ညီအစ်ကို ၂ ဦးတို့လည်း ထိပ်တိုက်အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
အလယ်တန်းလူ ဂရင်းနစ် ဟာခါက ဆွစ်ဇာလန်အသင်း ကိုယ်စားပြု ကစားမှာ ဖြစ်သလို အစ်ကိုဖြစ်သူ တူးလင့်ဟာခါက အယ်လ်ဘေးနီးယားအသင်းကို ကိုယ်စားပြုပြီး နောက်တန်းမှာ ကစားကြမှာ ဖြစ်ပါတယ်။
ဥရောပ ဘောလုံးပြိုင်ပွဲရဲ့ သမိုင်းကြောင်း ၅၆ နှစ်တာ ကာလအတွင်းမှာ ညီအစ်ကို ၂ ဦးတို့ တဖက်စီမှာ ပါဝင်ကစား ကြတာလည်း ဖြစ်ပါတယ်။
“ကမ္ဘာပေါ်မှာ အခုချိန်မှာတော့ အပျော်ဆုံးအဖေတယောက်ပါ၊ သား ၂ ယောက်လုံးက ဥရောပပြိုင်ပွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားနဲ့ ဆွစ်ဇာလန် တအုပ်စုတည်း ကျတာကို စိတ်ပျက်မိပါတယ်။ သူတို့ ၂ ယောက်ကို အုပ်စုတခုတည်းမှာ ကစားနေတာကို မမြင်ချင်ဘဲ ဗိုလ်လုပွဲမှာ မြင်ချင်တယ်” လို့ သူတို့ရဲ့အဖေ ရာဂစ်က ပြောပါတယ်။
မိသားစုအနေနဲ့လည်း ဘယ်အသင်းကို အားပေးရမလဲဖြစ်နေတယ်လို့ ဆိုပါတယ်။
အရင်က ဂရင်းနစ်က ဘေဆယ်မှာ ကစားစဉ် ဂရက်စ်ရှော့ပါ ဇူးရစ်ကို အငှားချထားတဲ့ အစ်ကိုဖြစ်သူ တူးလင့်နဲ့ ရင်ဆိုင်ကစားခဲ့ဖူးတယ်လို့ ဂရင်းက ပြောပါတယ်။
၁၉၈၉ ခုနှစ် ကိုဆိုဗိုမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ညီအစ်ကို ၂ ဦးရဲ့ မိဘတွေ ဆွစ်ဇာလန်ကို အခြေချနေထိုင်ခဲ့ပါတယ်။ ညီအစ်ကို ၂ ဦးစလုံးကို ၁၉၉၁ နဲ့ ၁၉၉၂ ခုနှစ်
ဆွစ်ဇာလန်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် တူးရန့်နဲ့ ဂရင်းတို့ဟာ စိတ်ကြိုက် နိုင်ငံကို ကိုယ်စားပြုကစားပေးဖို့ ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။
အစောပိုင်းကတော့ အသက် ၁၇ နှစ်နဲ့ ၂၁ နှစ် လက်ရွေးစင်အသင်းမှာ ၂ ဦးစလုံးက ကစားပေးခဲ့ပါတယ်။
ဂရန်းက အယ်လ်ဘေးနီးယားအတွက် ကစားပေးဖို့ ဆန္ဒရှိတယ်လို့ အရင်က ပြောဆိုခဲ့ပေမယ့် အယ်လ်ဘေးနီးယား ဘောလုံးအဖွဲ့ချုပ်နဲ့ ပြဿနာတခုကြောင့် ဆွစ်ဇာလန်ကို ကိုယ်စားပြုကစားပေးခဲ့တာ ဖြစ်ပါတယ်။
ညီအကို ၂ ဦးစလုံး ဆွစ်ဇာလန် ဘေဆယ်အသင်းမှာ ကစားပေးခဲ့ဖူးပါတယ်။ ဂျာမနီဘွန်ဒစ်လီဂါက မိုချန်ဂလာဘတ်မှာ ကစားနေတဲ့ ဂရန်းနစ်ကို အာဆင်နယ်အသင်းက မကြာခင်က ခေါ်ယူထားပါတယ်။ တူးလင့်ကတော့ ဘေဆယ်မှာ ကစားနေတာလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲမှာလည်း အဖေတူအမေကွဲ ညီအကိုဖြစ်တဲ့ ဂါနာက ကယ်ဗင် ပရင့်စ် ဘိုတန်နဲ့ ဂျာမနီက ဂျရိုမီး ဘိုတန်တို့လည်း ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးပါတယ်။