A d v e r t i s e m e n t With Us

ဒိန်းမတ်သူအား အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅ ဦးကို သေဒဏ်ချမှတ်

နယူးဒေလီမြို့က ကမ္ဘာလှည့်ခရီးသွားတွေ အရောက်အပေါက်များတဲ့ မြိ့နယ်ထဲမှာ ဒိန်းမတ်သူ တယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တဲ့ အိန္ဒိယ အမျိုးသား ၅ ယောက်ကို ဇွန် ၁၀ ရက်နေ့က သေဒဏ် ချမှတ်လိုက်ပါတယ်။ သူတို့ အားလုံး အသက် ၂၀ ကျော်တွေ ဖြစ်ပြီး လုယက်မှု၊ မုဒိမ်းမှု တွေအတွက် ဒေလီမြို့ တရားရုံးက အမိန့်ချလိုက်တာပါ။ အခင်းဖြစ်ခဲ့တဲ့ နေရာဟာ ဒေလီမြို့ ရထားဘူတာနဲ့ နီးပြီး ၂၀၁၄ ဇန်န၀ါရီ ၁၄ ရက်နေ့ ညနေပိုင်းက အသက် ၅၂ နှစ်အရွယ်  ဒိန်းမတ် သူအမျိုးသမီးတယောက်ကို အမျိုးသားတွေက  ဓားထောက်ပြီး ပစ္စည်းကို လုယက်၊ လူကိုလည်း မုဒိမ်းကျင့်ခဲ့တယ်လို့ အစိုးရ ရှေ့နေက တရားခွင့်မှာ ပြောပါတယ်။ ဒေလီမြို့မှာပဲ ၂၀၁၂ ဒီဇင်ဘာလက ကျောင်းသူတယောက် လိုင်းကားပေါ်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမှုဟာ  လူတွေ မခံမရပ် နိုင်ဖြစ်စေခဲ့ပါတယ်။ လူထောင်နဲ့ချီ လမ်းပေါ် ထွက်လာကြပြီး အမျိုးသမီးတွေကို အစိုးရက အကာအကွယ်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။ မုဒိမ်းမှု ကျူးလွန်သူတွေကိုလည်း ပြင်းထန်တဲ့ အပြစ်ဒဏ်တွေကို ချမှတ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒိန်းမတ် အမျိုးသမီးအပေါ် ကျူးလွန်တဲ့ အမှုမှာ လူ ၉ ယောက် ပါဝင်ခဲ့ပြီး သုံးယောက်က အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်လို့ သက်ငယ် တရားရုံးမှာ စစ်ဆေးနေပါတယ်။ နောက်တယောက်ကတော့ အမှု စစ်ဆေးနေတဲ့ကာလမှာပဲ သေဆုံးသွားခဲ့ပါတယ်။ တရားခံတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒီကေ ရှာမာက အမှုကို အယူခံတက်သွားမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up