A d v e r t i s e m e n t With Us

ပျောက်ဆုံး ဗြိတိန်အမျိုးသားအလောင်းကို ဗီယက်နမ်တောတွင်း တွေ့ရှိ

ဗီယက်နမ်မှာ ပျောက်ဆုံးနေတဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးရဲ့အလောင်းကို တောတွင်း တနေရာမှာ ဇွန် ၁၀ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ နယ်ကြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ အသက် ၂၃ အရွယ် အဒန် ၀ပ် Aiden Webb  ဆိုတဲ့ လူရွယ်ဟာ ဇွန်လ ၄ ရက်လနေ့ကတည်းက ပျောက်ဆုံးသွားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဒေသမှာရှိတဲ့ ဖန်စီပန်းတောင်တန်းပေါ်ကို တက်မယ်ဆိုပြီး ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားတဲ့ အကြောင်းကို သူ့ရဲ့ချစ်သူ မိန်းကလေးက အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဒန်ဝပ်က တောင်တက်ခရီးမှာ လဲကျတဲ့အတွက် ဒူးနဲ့ လက်မောင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး သွေးထွက်လွန်နေတဲ့အကြောင်း သူ့ချစ်သူ မိန်းကလေးဆီကို Facebook ကနေ စာတို့ ပို့ပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်သွားတယ်လို့ ဆိုပါတယ်။ စစ်သားတွေနဲ့ စေတနာဝန်ထမ်း အရေအတွက် ရာဂဏန်း ပါဝင်တဲ့အဖွဲ့ဟာ အနံ့ခံ ခွေးတွေနဲ့အတူ ၀ပ်ကို ရှာဖွေခဲ့ပါတယ်။ ၀ပ်က သူ့ချစ်သူ မိန်းကလေးဆီကို နောက်ဆုံး စာတိုလေး ပို့ခဲ့တဲ့ နေရာကို ခြေရာခံပြီး ရှာဖွေခဲ့ရာ နောက်ဆုံး အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။  အလောင်းကို ပြန်သယ်ဖို့အတွက် မိသားစုက ဗီယက်နမ်မှာ ရောက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up