ယူရိုပွဲသွားကြည့်ပြီး ဖေ့ဘွတ်ခ်ကနေ တိုက်ရိုက်ပြသခဲ့သည့် စိုင်းစိုင်းခမ်းလှိုင် (ရုပ်သံ)

1.8K
ဇွန် ၁၀ ရက်နေ့က စတင်ကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သွားရောက် ကြည့်ရှုခဲ့ပြီး ဖေ့ဘွတ်ခ်ကနေတဆင့် တိုက်ရိုက်ပြသခဲ့ပါတယ်။
ရုပ်သံဖိုင်ထဲမှာ “အားလုံးမင်္ဂလာပါ၊ ဒီနေ့ဟာ ယူရို ၂၀၁၆ ဖွင့်ပွဲနေ့ ဘောလုံးပွဲ ကွင်းပြင်ပ မြင်ကွင်းတွေ ဖြစ်ပါတယ်ခင်ဗျ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောဆိုပြီး ကွင်းပြင်ပက အခြေအနေကို ရုပ်သံနဲ့ မှတ်တမ်းတင်ကာ ဖေ့ဘွတ်ခ်ကနေ တဆင့် ပြသခဲ့ပါတယ်။
နောက်ရုပ်သံတခုမှာတော့ ကွင်းအတွင်းက အခြေအနေကို ရိုက်ကူးပြီး ပြသထားပါတယ်။ ဒါhအပြင် ဆွစ်ဇာလန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ရုပ်သံမှတ်တမ်းနဲ့ ဓာတ်ပုံတွေကိုလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
ယူရို ၂၀၁၆ ပြိုင်ပွဲတွေကို ပြင်သစ်မှာ စတင်ကျင်းပနေပြီ ဖြစ်ပြီး ဖွင့်ပွဲမှာ အိမ်ရှင် ပြင်သစ်က ရိုမေးနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားသွားပါတယ်။
ရုပ်သံ - စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ခ်