ထိုင်းအမျိုးသမီးက အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်းအင်္ဂါကို ဖြတ်ပစ်

ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ခင်ပွန်းရဲ့ အင်္ဂါကို ဇနီးက ဖြတ်တောက်လိုက်ပါတယ်။
ဇွန် ၇ ရက်မနက် ၄ နာရီခွဲလောက်မှာ အသက် ၄၇ နှစ် အမျိုးသားတဦးက အကူအညီတောင်းခံတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့က အကူအညီပေးခဲ့ရတယ်လို့ ပတ္တရားဝမ်းသတင်းက ရေးပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ရောက်လာချိန်မှာတော့ အမျိုးသမီးက ခင်ပွန်းကို ဒေါသတကြီး ကြည့်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးက သူတို့ဟာ ကြက်သားရောင်းချတဲ့သူတွေ ဖြစ်သလို အရင်ရက်က ယောက်ျားက သူ့အရင်းနှီးဆုံး သူငယ်ချင်းနဲ့ ဖောက်ပြန်နေတဲ့ သတင်းကို ကြားခဲ့ရတယ်လို့ဆိုပါတယ်။
ဒီနောက် ယောက်ျားကို မြူဆွယ်ပြီး စိတ်ကြွလာတဲ့ အချိန်မှာ ဖြတ်တောက်လိုက်တာလို့ ဆိုပါတယ်။
နေရာတိုင်းမှာ သွေးတွေနဲ့ ပျံ့ကြဲနေသလို နာကျင်တုန်လှုပ်မှုနဲ့ အမျိုးသားက အော်ဟစ်ခဲ့ပါတယ်။ ဒီနောက် အမျိုးသားအတွက် စိတ်မကောင်းဖြစ်ခဲ့ရလို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
ခွဲစိတ်ပြီး အမျိုးသားရဲ့ အင်္ဂါကို ဆက်ဖို့ကြိုးစားပေမယ့် အောင်မြင်ဖို့ မသေချာသလို အမျိုးသမီးကို ဘယ်လိုအရေးယူထားသလဲဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရဘူးလို့ သတင်းက ရေးပါတယ်။