ဒါးလတ်စ် လေဆိပ်တွင် ရန်ပြုသူကို ရဲတပ်ဖွဲ့က ပစ်ခတ်သည့်ရုပ်သံ ပျံ့နှံ့

1.5K
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဒါးလတ်စ်က လေယာဉ်ကွင်းမှာ ရဲတပ်ဖွဲ့က ရန်ပြုဖို့ ကြိုးစားတဲ့ အမျိုးသားတဦးကို ပစ်ခတ်ခဲ့ပါတယ်။
ဇွန် ၁၀ ရက်မှာ လေဆိပ်က ခရီးဆောင်အိတ်တွေ ထုတ်ယူရတဲ့ နေရာ အပြင်ဘက်မှာ အမျိုးသမီးတဦးရဲ့ ကားကို ခဲနဲ့ ထုတဲ့ အမျိုးသားကို ရဲတွေက ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။
အဲဒီအမျိုးသားဟာ သူ့ရဲ့အမျိုးသမီးလို့ ယူဆရတဲ့သူကို ကျောက်ခဲနဲ့ထုဖို့ ကြိုးစားတာကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သေနတ်သံ ၉ ချက်အထိ ကြားခဲ့ရတယ်လို့လည်း သတင်းတွေက ရေးပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ သတိမေ့သွားပြီး လူနာတင်ကားနဲ့ သယ်ဆောင်သွားသလို သူရဲ့ အခြေအနေကို အခုထိ မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတာကို လေဆိပ်မှာ ရောက်နေတဲ့ လူတဦးက ရိုက်ယူခဲ့ပြီး လူမှုရေးကွန်ရက် အင်စတာဂရမ်ပေါ်ကို တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် အနီးနားက ရပ်နေတဲ့သူတွေကို အဆောက်အဦထဲ ၀င်ဖို့ လုံခြုံရေးတွေက အားပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။