မိုဟာမက်အလီ ဈပနအခမ်းနား မွေးရပ်မြေတွင် ပြုလုပ် (ဓာတ်ပုံ)


















1.1K
အမေရိကန် လက်ဝှေ့ကျော်ကြီး မိုဟာမက် အလီရဲ့ ဈာပန အခမ်းအနားကို သူ့ရဲ့ ဇာတိမြို့မှာ ဇွန် ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အလီဟာ ခရစ်ယာန် ဘာသာကနေ အစ္စလာမ္မ်ဘာသာကို ကူးပြောင်းခဲ့တဲ့အချိန်က တခါ၊ ဗီယက်နမ် စစ်ပွဲအတွင်း စစ်မှုမထမ်းဘဲ ငြင်းဆန်ခဲ့စဉ်က တကြိမ် အငြင်းပွားစရာ လူတယောက် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ လက်ဝှေ့လောကမှာတော့ စည်းကမ်းကြီးတဲ့ မဟာလက်ဝှေ့ကျော်တယောက်အဖြစ် အများရဲ့ လေးစားမှုကို ရရှိခဲ့ပါတယ်။
ဈာပနအ ခမ်းအနားမှာရောက်နေတဲ့ လူဝစ်ဗေးမြို့ခံ မိုနီကာ ဂျက်ဆင်က မိုဟာမက် အလီဟာ ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်တဲ့ လူတယောက်ဖြစ်သလို၊ ရိုးသားဖြောင့်မတ်သူ တယောက်၊ အမှန်တရား ဘက်တော်သားတယောက် ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လူတွေကို ချစ်တတ်သူ၊ လူသားအားလုံးအပေါ် မေတ္တာထားတတ်သူတ ယောက်ဖြစ်တယ်လို့ ပြောပါတယ်။
လူဝစ်ဗေးမြို့သားတွေကတော့ အလီလို လူတယောက်ကို သူတို့မြို့က မွေးဖွားပေးခဲ့တဲ့အတွက် ဂုဏ်ယူမဆုံး ဖြစ်ကြသလို၊ သူရဲ့ ဈာပန အခမ်းအနားကိုလည်း နောက်ဆုံး နှုတ်ဆက်ခြင်း အနေနဲ့ တက်ရောက်ကြပါတယ်။
ဈာပန အခမ်းအနားကို ရပ်နီးရပ်ဝေးက ပရိသတ် ၁ သိန်းအထိ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အထူးဧည့်သည်တော်တွေထဲမှာ သမ္မတဟောင်း ဘီကလင်တန်နဲ့ ဘေလီ ခရစ္စတယ်လ်၊ ဝေးလ်စမစ်၊ မိုက်တိုင်စန်တို့လည်း ပါဝင်ပါတယ်။
Photo: John Minchillo