A d v e r t i s e m e n t With Us

မက်ဆီ ဟက်ထရစ်သွင်းပြီး အာဂျင်တီးနားက ပနားမားကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၁ ရက်မနက်ပိုင်းက ကစားသွားတဲ့ ကိုပါအမေရိက ဖလား အုပ်စု (ဒီ) ဒုတိယပွဲစဉ်မှာတော့ အာဂျင်တီးနားက ၅ ဂိုး ဂိုးမရှိနဲ့ ပနားမားကို အနိုင်ကစားပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ပထမပိုင်း ၇ မိနစ်မှာ အိုတာမန်ဒီက အာဂျင်တီးနားအတွက် အဖွင့်ဂိုး စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်း ၃၂ မိနစ်မှာ ပနားမားအသင်းက ကစားသမား တဦး ၂ ၀ါ တနီနဲ့ အထုတ်ခံရပြီး ၁၀ ယောက်နဲ့ ပွဲကို ကစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားတို့ ထိုးဖောက်ကစားပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ၆၁ မိနစ်မှာ မက်ဆီကို ထည့်သွင်းပြီးတဲ့ အချိန်မှာတော့ ၃ ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။ ဒီနောက် လူစားဝင်လာတဲ့ အဂွီရိုက မိနစ် ၉၀ မှာ  နောက်ထပ် ၁ ဂိုး ထပ်သွင်းယူပြီး ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အဂွီရိုသွင်းတဲ့ ၁ ဂိုး လူကျွံနေလို့ ခွင့်မပြုခဲ့ပါဘူး။ အာဂျင်တီးနားက အုပ်စု (ဒီ) မှာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စု ပထမ၊ ချီလီက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်နဲ့ ဒုတိယ၊ ပနားမားက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၃ မှတ်၊ ဘိုလီးဗီးယားကတော့ ၂ ပွဲကစား ၂ ပွဲရှုံးပြီး တမှတ်မှ မရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up