ကိုပါအမေရိကဖလား ချီလီ ၂ -၁ ဘိုလီးဗီးယား (ရုပ်သံဟိုက်လိုက်)

867
ဇွန် ၁၁ ရက်က ကစားသွားတဲ့ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ အုပ်စု (ဒီ) မှာ ချီလီက ဘိုလီးဗီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပွဲတွေ ရှုံးထားတဲ့ အသင်းတွေဖြစ်လို့ ဒီပွဲမှာ အနိုင်ရရှိရေးအတွက် ၂ သင်းလုံး ကြိုးစား ကစားသွားခဲ့ပါတယ်။
ပထမပိုင်းမှာတော့ တဖက်နဲ့ တဖက်ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျသွားပါတယ်။ ဒုတိယပိုင်း ၄၆ မိနစ်မှာတော့ ဗစ်ဒယ်လ်က ချီလီအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပါတယ်။
ဒီနောက် ၆၁ မိနစ်မှာ ဘိုလီးဘီးယားက ကမ်ပိုစ့်က ချေပဂိုးသွင်းခဲ့လို့ တဂိုးစီသရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ မှာ ချီလီအသင်းပင်နယ်တီကို ဗစ်ဒယ်လ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ချီလီအသင်း ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း အများဆုံး ရရှိခဲ့ပါတယ်။
ချီလီအသင်းဟာ ၂ ပွဲကစား ၁ ပွဲရှုံး ၁ ပွဲနိုင်နဲ့ ၃ မှတ်နဲ့ ဘိုလီးဗီးယားကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ တမှတ်မှ မရရှိသေးပါဘူး။