A d v e r t i s e m e n t With Us

ပြင်သစ်ရဲနှင့် အင်္ဂလန် ပရိသတ်တို့ အဓိကရုဏ်းဖြစ် (ရုပ်သံ)

ပြင်သစ်မှာ ကျင်းပနေတဲ့ ယူရိုပါလိဂ် ၂၀၁၆ ပွဲတွေ မစတင်မီ အင်္ဂလန် ဘောလုံးပရိသတ်နဲ့ ပြင်သစ် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။ ဇွန် ၉ ရက် ညသန်းခေါင်အချိန် မာဆေးမှာ ဒေသခံ ၇၀ နဲ့ အင်္ဂလန်ဘောလုံး ပရိသတ်တွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရန်ပွဲကို ၀င်ရောက်ထိန်းသိမ်းတဲ့ ရဲတပ်ဖွဲ့ကိုလည်း အင်္ဂလန် ပရိသတ်တွေက ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ပစ်ပေါက်ခဲ့ပါတယ်။ အင်္ဂလန် ပရိသတ်တဦး အဖမ်းခံရသလို တဦးကလည်း ဆေးရုံမှာ ကုသခံနေရတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ ဇွန် ၁၁ မှာ အုပ်စု (ဘီ) က ဝေးလ်နဲ့ ဆလိုဗက်ကီးယား၊ ဇွန် ၁၂ ရက်မှာ  အင်္ဂလန်နဲ့  ရုရှားတို့ ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up