A d v e r t i s e m e n t With Us

ထီးချိုင့်မြို့နယ်တွင် ၁၂ ဘီးယာဉ် ချောက်ထဲထိုးကျ၊ ၂ ဦးသေဆုံး

ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ ၁၂ ဘီးယာဉ်တစီး တိမ်းမှောက်လို့ လူ ၂ ဦး သေဆုံးသွားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ရွှေဘို - မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၁၃ / ၅ အနီး နေပူတောင်အဆင်းမှာ ဇွန် ၉ ရက်နေ့ညက ဘိလပ်မြေအိတ်တွေ တင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်ဟာ ကားလမ်းဝဲဘက် ချောက်ထဲကို အရှိန်လွန် ထိုးကျသွားတာ ဖြစ်ပါတယ်။ ၁၂ ဘီးယာဉ်ဟာ အရှိန်လွန်ထိုးကျပြီး ချောက်အတွင်း ကမ်းပါးရံရှိသစ်ပင်နဲ့ တိုက်မိလို့ ယာဉ်မောင်းနဲ့ နောက်လိုက် နှစ်ဦးစလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့မရဲစခန်းက ယာဉ်ပြစ်မှုပုဒ်မ ၃၀၄ (က)အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီတောင်တန်းမှာ တောင်ဆင်းတောင်တက်တွေ မတ်စောက်ပြီး အကွေ့တွေ များလို့ သတိရှိရှိ မောင်းနှင်ကြဖို့ လိုအပ်ကြောင်း၊ လွန်ခဲ့တဲ့ လတွေအတွင်းကလည်း ခရီးသည်တင်ယာဉ်နဲ့ ဆီသည်ယာဉ်တို့ တိမ်းမှောက်ခဲ့ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကိုကျော် (အင်းတော်)  

A d v e r t i s e m e n t With Us

More News
Up