A d v e r t i s e m e n t With Us

တနိုင်ငံလုံး ဆယ်တန်းအောင်သူ ၃၀ ရာခိုင်နှုန်းခန့်ရှိ

ဆယ်တန်းစာမေးပွဲအောင်စာရင်းတွေကို သက်ဆိုင်ရာက ဒီနေ့ ထုတ်ပြန်လိုက်ပြီး ဒီနှစ်မှာ တနိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၀ လောက်ရှိတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ တနိုင်ငံလုံးမှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုသူပေါင်း ၆၀၀၀၀ ကျော်ရှိပြီး ၂၀၀၀၀ ခန့် အောင်မြင်ခဲ့တယ်၊ မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း ၄၀ လောက်နဲ့ အမြင့်ဆုံးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မနှစ် ၂၀၁၅ခုနှစ်က ဆယ်တန်းစာမေးပွဲ ဖြေဆိုသူပေါင်း ၆၀၀၀၀ လောက်ရှိပြီး ၂၀၀၀၀ ကျော် အောင်မြင်ခဲ့လို့ အောင်ချက်ရာခိုင်နှုန်း ၃၇ ကျော်တယ်လို့ ပြန်ကြားရေးသတင်းမှာ နှိုင်းယှဉ်ဖော်ပြပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်  

A d v e r t i s e m e n t With Us

More News
Up