A d v e r t i s e m e n t With Us

ငါးခိုးစက်လှေများ မောင်းထုတ်ရန် တောင်ကိုရီးယား စစ်သင်္ဘောများ စေလွှတ်

မြောက်ကိုရီးယားနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ တရားမ၀င်ငါးဖမ်းနေတဲ့ တရုတ်ငါးဖမ်းစက်လှေတွေကို ဖယ်ရှားဖို့ တောင်ကိုရီးယားရေတပ်သင်္ဘောတွေ ဇွန် ၁၀ ရက်နေ့က စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ ရေတပ်သင်္ဘော ၄ စင်းနဲ့ ကမ်းတက်ယာဉ်တွေကို ဂန်ဟွာကျွန်းတကြော ကြားခံရေပြင်ပိုင်နက်တ၀ိုက် စစ်ဆင်ရေးအတွက် စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက  ပြောပါတယ်။ တောင်ကိုရီးယားကလာတဲ့ သတင်းတွေအရ တရားမ၀င် တရုတ်ငါးဖမ်းစက်လှေ ဆယ်စီးခန့် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီဇုန်ဧရိယာမှာ ငါးဖမ်းခွင့်တားမြစ်ထားပြီး တောင်ကိုရီးယားအစိုးရက ကုလသမဂ္ဂထံက အတည်ပြုချက်နဲ့ အညီ ဒီစစ်ဆင်ရေးကို ဆောင်ရွက်တာဖြစ်ပါတယ်။ အခုလို စစ်ဆင်ရေးကို မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့ ပင်လယ်ရဲ့တောင်ပိုင်းမှာ ဂဏန်းဖမ်းနေတဲ့ တရုတ်ငါးဖမ်းစက်လှေ ၂ စီးကို တောင်ကိုရီးယားတံငါသည်တွေက ဖမ်းဆီးပြီး ဒေသအာဏာပိုင်တွေကို အပ်နှံခဲ့ပြီးနောက် လုပ်ဆောင်တာဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရတွေကတော့ ဒီစစ်ဆင်ရေးကို မစတင်ခင်က သတိပြုစောင့်ကြည့်နေကြတယ်လို တောင်ကိုရီးယားအစိုးရအရာရှိက ပြောပါတယ်။ ဒီစစ်ဆင်ရေးမှာ ဘယ်လို ဖယ်ရှားမယ်ဆိုတဲ့ စစ်ဆင်ရေးအသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ မြောက်ကိုရီးယားကတော့ တောင်ကိုရီုးယား ငါးဖမ်းယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေဟာ သူတို့ပိုင်နက်ကို ကျူးကျော်တယ်လို့ တုံ့ပြန်ပါတယ်။ တောင်ကိုရီးယားအစိုးရက သူ့ပိုင်နက်ထဲမှာ တရားမ၀င် ငါးဖမ်းနေတဲ့ တရုတ်စက်လှေတွေကို ထိထိရောက်ရောက် ထိန်းချုပ်ကိုင်တွယ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက တောင်ကိုရီးယားရေတပ်က ဒီဧရိယာအစပ်ကိုဖြတ်တဲ့ မြောက်ကိုရီးယားသင်္ဘောနှစ်စီးကို သတိပေးပစ်ခတ်မောင်းထုတ်ခဲ့ပါတယ်။ နောက်တနေ့မှာတော့ မြောက်ကိုရီးယားက ဒီရေပြင်အတွင်း အသိမပေးဘဲဝင်လာရင် ပစ်ခတ်မယ်လို့ တောင်ကိုရီးယားကို ခြိမ်းခြောက်ခဲ့ပါတယ်။ မနှစ်က တောင်ကိုရီးယားအာဏာပိုင်တွက တရားမ၀င်ငါးဖမ်းတဲ့ တရုတ်ငါးဖမ်းရေယာဉ် အစီး ၆၀၀ ခန့်ကို ဖမ်းဆီးခဲ့သလို ဒီနှစ်မှာလည်း မေလအထိ တရုတ်ငါးဖမ်းယာဉ် အစီး ၁၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ ၂၀၁၄ ခုနှစ်က တောင်ကိုရီးယားကမ်းခြေစောင့်တပ်သားတယောက်က တရားမ၀င်ငါးဖမ်းမှု သံသယနဲ့ စစ်မေးတဲ့ဖြစ်စဉ်အတွင်း တရုတ်ငါးဖမ်းယာဉ်ရဲ့ ပဲ့နင်းကို ပစ်သတ်ခဲ့တုန်းက တရုတ်အစိုးရက ဒေသတကြီးတုံ့ပြန်ခဲ့ဖူးပါတယ်။ south-korea-militry-vessel-afp_650x400_71465552905၂၀၁၁ ခုနှစ်ကတော့ တောင်ကိုရီးယားရေပြင်မှာ တရုတ်ငါးဖမ်းသမားတွေနဲ့ အချင်းများရာက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်ကစလို့ ဒီဧရိယာထဲမှာ သွေးမြေကျရတဲ့ ရေတပ်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up