A d v e r t i s e m e n t With Us

ရွန်နီ ခြေစွမ်း ထက်မြက်နေဆဲဟု ရုရှားနောက်ခံလူပြော

အင်္ဂလန်တိုက်စစ်မှူး ရွန်နီရဲ့ ခြေစွမ်းဟာ ထက်မြက်နေဆဲပဲလို့ ရုရှား နောက်တန်းသမား ဘဲရက်ဇူစကီးက ပြောပါတယ်။ ဒီညယှဉ်ပြိုင်မယ့် ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စု (ဘီ) က အင်္ဂလန်နဲ့ ရုရှားပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ရွန်နီက အသက်အရွယ်ကြောင့် ကစားတဲ့ပုံစံ ပြောင်းနိုင်ပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ရာနှုန်းပြည့် ထိပ်တန်းအဆင့်မှာ ရှိနေသေးတယ်လို့ ရုရှား နောက်တန်းသမားက ပြောပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၁ ပွဲမှာ ၅၂ ဂိုး သွင်းပေးထားပါတယ်။ အုပ်စု (ဘီ) မှာ ရုရှား၊ အင်္ဂလန်၊ စလိုဗက်ကီးယား၊ ဝေးလ် အသင်းတို့ပါဝင်ပြီး အင်္ဂလန်နဲ့ ရုရှားတို့ဟာ အဓိက ပြိုင်ဖက်တွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up