ယူရို ၂၀၁၆ အဖွင့်ပွဲ ပြင်သစ် ၂-၁ ရိုမေးနီးယား (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်က ကွင်းလယ်သမား ဒီမီတရီ ပေရက်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ရိုးမေးနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဇွန် ၁၀ ရက်နေ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဒီပြိုင်ပွဲကို ပဲရစ်မြို့မှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပြီးမှ ပြုလုပ်သွားတာပါ။
ပြင်သစ်အတွက် ဦးဆောင်ဂိုးကို အာဆင်နယ် တိုက်စစ်မှူးဖြစ်တဲ့ ဂျီရှုက ၅၇ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ ပြင်သစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ နောက် ၁၀ မိနစ်လောက်မှာပဲ ရိုမေးနီးယားအတွက် ချေပဂိုးကို ပင်နယ်တီကနေ စတန်ကူက သွင်းယူပါတယ်။
သရေရလဒ်နဲ့ ပြီးဆုံးတော့မလို ဖြစ်နေတုန်းမှာပဲ ပြင်သစ်အတွက် အနိုင်ဂိုးကို ပေရက်က သွင်းယူပါတယ်။ ဒီပွဲမှာ ၀က်စ်ဟမ်း ကစားသမား ပေရက် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ရိုမေးနီးယားကတော့ ယူရိုပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်တွေမှာ အမြဲ ရှုံးလေ့ရှိတဲ့ အစဉ်အလာကို ဆက်ထိန်းသွားပါတယ်။
ဒီပွဲမှာ အသက် ၁၉ နှစ်အရွယ် ပြင်သစ် ကွင်းလယ်သမား ကိုးမန်းက အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲနိုင်တဲ့ ပြင်သစ်က အုပ် (အေ)မှာ ၃ မှတ် ရသွားပါတယ်။