A d v e r t i s e m e n t With Us

ချင်းပြည်နယ် ဖလမ်းတွင် မြေထိန်းနံရံပြိုကျ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် ဦးနှီာရ်နိုင်ဇိုးရဲ့  ဆောက်လုပ် ဆဲနေအိမ်အောက်ရှိ မြေထိန်းနံရံဟာ ဇွန် ၉ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျခဲ့တယ်လို့ အစိုးရကသတင်းထုတ်ပြန်ပါတယ်။ ပြိုကျသွားတဲ့ မြေထိန်းနံရံကျောက်တုံးကြီးတွေကို ဖလမ်းနှစ်ခြင်း ခရစ်ယာန် အသင်းတော်နဲ့  ပြည်သူတွေက ၀ိုင်းဝန်းဖယ်ရှား ရှင်းလင်းခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ရှုံးဆုံးမှုမရှိဘူးလို့ဆိုပါတယ်။ 13350375_904922336302300_1197741412149882831_oမြေထိန်းနံရံပြိုကျမှုကြောင့် အောက်ဘက်ရှိ ဦးခွာထီးယီုးရဲ့ နေအိမ် အန္တရာယ်ရှိလို့ မိသားစုတွေကို ဘေးကင်းရာ နှစ်ခြင်းအသင်းတော် ပိုင်အိမ်သို့ ယာယီပြောင်းရွှေ့ ပေးထားတယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up