ဗင်နီဇွဲလားနှင့်ပွဲ ကစားခွင့်မရသဖြင့် ဆွာရက်ဇ် ဒေါသတကြီးပေါက်ကွဲခဲ့မှုရုပ်သံ ပျံ့နှံ့
ကိုပါအမေရိကဖလား ဗင်နီဇွဲလားနဲ့ ပွဲမှာ ကစားခွင့်မရတဲ့အတွက် ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က နည်းပြ အော်စကာ တာဗရက်ဇ်ကို ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့တဲ့ ရုပ်သံဖိုင် ပျံ့နှံ့နေပါတယ်။
ဇွန် ၁၀ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဗင်နီဇွဲလားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားလို့ ဥရုဂွေးက အုပ်စုကနေ ထွက်ခွာရပြီ ဖြစ်ပါတယ်။
ဆွာရာဇ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် နားနေရသလို ဒုတိယပိုင်း အစမှာ သွေးပူ လေ့ကျင့်ခန်း လုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း လူစားလဲရာမှာ နည်းပြက မသုံးတဲ့အတွက် ဆွာရက်ဇ်က နည်းပြထိုင်နေတဲ့ ဘေးက မှန်ကို ထိုးကာ အပေါ်အကျီကို ပစ်ပေါက်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
နည်းပြကတော့ ၁၀၀ ရာခိုင်နှုန်းမကြံ့ခိုင်တဲ့ ကစားသမားကို သုံးမှာ မဟုတ်သလို ဒီဖြစ်ရပ်ကို သတိမထားမိဘူးလို့ ပြောပါတယ်။
မက္ကဆီကိုနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာကြောင့် ဆွာရက်ဇ်ကို အနားပေးထားခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးဟာ ကိုပါအမေရိက ဖလားကို ၁၅ ကြိမ် ဆွတ်ခူးရရှိထားတဲ့ အသင်းဖြစ်ပါတယ်။