A d v e r t i s e m e n t With Us

မိန်းမအားရိုက်နှက်ပြီး ကားနောက်ခန်းထဲထည့်သည့် အမျိုးသားကို ၀ိုင်းဝန်းပြစ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ ဟာဘေးမှာ အမျိုးသမီးတဦးကို ရိုက်နှက်ပြီး ကားနောက်က ပစ္စည်းထည့်တဲ့နေရာကို ထည့်ဖို့ အမျိုးသားတဦးက ကြိုးစားခဲ့ပါတယ်။ ဓာတ်ဆီဆိုင်တဆိုင်မှာ အမျိုးသားက အမျိုးသမီးကို ရိုက်နှက်ပြီး ကားနောက်ခန်းထဲကို ထည့်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားဟာ ကားမောင်းတဲ့နေရာမှာ မထိုင်မီ ပတ်ဝန်းကျင်ကို တချက်ကြည့်ကာ ကားကို မောင်းထွက်သွားပါတယ်။ ပတ်ဝန်းကျင်ကလူတွေကလည်း အော်ဟစ်ပြီး ကူညီဖို့ကြိုးစားပေမယ့် မအောင်မြင် ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးကို ဘယ်ကိုခေါ်ဆောင်သွားသလဲ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးအသေးစိတ်ကို မသိရသေးဘူးလို့လည်း တရုတ်အစိုးရ သတင်းစာတွေမှာ ရေးပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ဇွန် ၉ ရက်က တရုတ် လူမှုရေး ကွန်ရက် ဝေဘို ပေါ်မှာ ဖြန့်ဝေခဲ့ရာမှာတော့ အသုံးပြုသူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ အမျိုးသမီးတယောက်ကို ကုန်ပစ္စည်းတခုလို ဆက်ဆံနေတဲ့အတွက် အမျိုးသမီးရဲ့ တန်ဖိုးက ဘာလဲဆိုပြီး ဝေဘိုအသုံးပြုသူတဦးက မေးခွန်းထုတ်ပါတယ်။ ဒါအပြင် အမျိုးသမီးက ဘာကြောင့် အော်ဟစ်အကူအညီမတောင်းသလဲ၊ ဘေးက ရပ်နေတဲ့သူတွေက ဘာကြောင့် မကူညီကြသလဲ၊ ရဲတွေဘယ်ရောက်နေလဲ ဆိုပြီးတော့လည်း မေးခွန်းထုတ်နေပါတယ်။ တရုတ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုက တရားမ၀င်ဖြစ်ပေမယ့် အပြစ်ပေးတာဟာ အရမ်းကို ပေါ့တယ်လို့ ဝေဖန်နေသူတွေလည်း ရှိနေပါတယ်။ တရုတ်အမျိုးသမီး ၄ ဦး အနက် ၁ ဦးက အိမ်တွင်းအကြမ်းဖက်မှုကို ရင်ဆိုင်ကြုံတွေ့ရတယ်လို့ တရုတ်အစိုးရပိုင် သတင်းတွေမှာရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up