A d v e r t i s e m e n t With Us

လှောင်အိမ်ရှေ့ ဓာတ်ပုံရိုက်၍ ကျားခုန်အုပ်ခံရသည့် အမျိုးသမီး (ရုပ်သံ)

ရုရှားနိုင်ငံ တိရစ္ဆာန်ရုံတခုက ကျားလှောင်အိမ်ရှေ့မှာ ဓာတ်ပုံရိုက်တဲ့ အမျိုးသမီးကို ကျားက ခုန်အုပ်ခဲ့လို့ ထိတ်လန့်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။ ဇွန် ၉ ရက်နေ့တုန်းက တိရစ္တာန်ဥယျာဉ်ထဲ မှန်နဲ့ကာထားတဲ့ ကျားလှောင်အိမ်ရှေ့မှာ အမျိုးသမီးက ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒီအချိန်မှာ အနီးနားမှာရှိတဲ့ ကလေးတွေကလည်း ရယ်မောနေပါတယ်။ ဒီနောက်မှာတော့ ကြီးမားတဲ့ကျားက ဖြည်းဖြည်းခြင်း ချဉ်းကပ်လာပါတယ်။ အမျိုးသမီးက နောက်ကို ဖြတ်ခနဲ လှည့်ကြည့်ချိန်မှာတော့ ကျားက သူ့ကို ခုန်အုပ်လိုက်ပါတယ်။ အမျိုးသမီးက လန့်ပြီး အော်ဟစ်ခဲ့သလို လာရောက်တဲ့ ဧည့်သည်တွေကလည်း အော်ဟစ်ခဲ့ပါတယ်။ ကာရံထားတဲ့ မှန်ကြောင့်သာ အမျိုးသမီးအနေနဲ့ သက်သာရာ ရသွားတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up