A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ လုံခြုံရေး တင်းကျပ်

ဓာတ်ပုံ - ရိုက်တာ
ဒီကနေ့စတင်မယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကြီးကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီးကတည်းက အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် သတိပေးအဆင့်ကို အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ ဒါကြောင့် ပြိုင်ပွဲကျင်းပမယ့် နိုင်ငံတ၀ှမ်းက မြို့ ၁၀ မြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အားကို ၉ သောင်းလောက်အထိ ဖြန့်ကျက်ထားပါတယ်။ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက ယူရိုပြိုင်ပွဲ ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ကြုံရနိုင်ချေရှိတယ် ဆိုတဲ့အပေါ်မှာ အသိအမှတ် ပြုထားပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို သတိထား သွားလာနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ ပြင်သစ်အာဏာပိုင်တွေကတော့ ယူရိုပြိုင်ပွဲကို နိုင်ငံတကာကနေ လာရောက်ကြည့်ရှုသူ ၂ သန်းခွဲလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အိမ်ရှင် ပြင်သစ်အသင်းဟာ ပွဲဦးထွက်အဖြစ် ရိုမေးနီးယားနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up