A d v e r t i s e m e n t With Us

ဒဏ်ရာကြောင့် နာဒယ်လ် ၀င်ဘယ်ဒန်အိုးပင်း တင်းနစ်ပွဲနှင့် လွဲချော်

ဓာတ်ပုံ - ရိုက်တာ
စပိန်တင်းနစ် အကျော်အမော် ရာဖယ် နာဒယ်လ်ဟာ ဒဏ်ရာကြောင့် လာမယ့် ၀င်ဘယ်ဒန်အိုပင်း တင်းနစ်ပြိုင်ပွဲကို လွဲချော်သွားပါတယ်။ ဆရာဝန်ရဲ့ ဆေးစစ်ချက်တွေအရ လက်ကောက်ဝတ်ဒဏ်ရာက မသက်သာသေးတဲ့အတွက် ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ အသက် ၃၀ အရွယ် နာဒယ်လ်က ပြောပြီး အခုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲနဲ့ ချရတာပါလို့လည်း ဆိုပါတယ်။ သူဟာ ၂၀၀၉ ၀င်ဘယ်ဒန်ပြိုင်ပွဲတုန်းကလည်း ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ မြေစေးကွင်းဘုရင် နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၁၄ ယူအက်စ်အိုပင်း ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။ နာဒယ်လ်ဟာ ဂရန်းစလန်း ဆုဖလားပေါင်း ၁၃ ခု ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up