ရုရှားတိုက်လေယာဉ်တစင်း ပျက်ကျ၊ လေယာဉ်မှူး သေဆုံး (ရုပ်သံ)

2.7K
ရုရှားနိုင်ငံ၊ မော်စကိုမြို့ပြင်မှာ ဇွန်လ ၉ ရက်နေ့က Sukhio Su-27 တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးတဦး သေဆုံးသွားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။
လေတပ်အခြေစိုက်စခန်းကို ပြန်လာချိန်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ဗုံးတွေနဲ့ လက်နက်တွေ တပ်ဆင်ထားခြင်း မရှိသလို မြေပြင်မှာလည်း ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
တိုက်လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့တဖွဲ့ကို လေယာဉ်ပျက်ကျတဲ့နေရာ စေလွှတ် စုံစမ်းထားပါတယ်။
ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အဆင့်မြင့် ပျံသန်းမှုစွမ်းရည်ပြ တိုက်လေယာဉ်အုပ်စုက တိုက်လေယာဉ်တစီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။