A d v e r t i s e m e n t With Us

ကနေဒါ မြို့လယ်ကောင်တွင် ကားလမ်းကျွံပေါက်ကြီးဖြစ်ပြီး ကားတစီးကျွံကျ (ရုပ်သံ)

ကနေဒါနိုင်ငံ၊ အော့တ၀ါမြို့တော် မြို့လယ်ကောင်မှာ ဇွန် ၈ ရက်က ကားလမ်းကျွံပေါက်ကြီးဖြစ်ပြီး ဓာတ်ငွေ့ယိုစိမ့်မှုရှိခဲ့လို့ အနီးပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေကို ယာယီပိတ်ထားလိုက်ပြီး မြို့ခံတွေကို ယာယီပြောင်းရွေ့စေခဲ့ပါတယ်။ မြို့လယ်ရေပိုက်ကြီးပေါက်ပြီး ရေတိုက်စားတာကနေ အခုလို ကျင်းပေါက်ကြီးဖြစ်လာတာ ဖြစ်နိုင်တယ်လို့ အော့တ၀ါမြို့ အာဏာပိုင်တွေက ပြောပါတယ်။ မြေကျွံကျသွားချိန်မှာ အထဲက မီးခိုးထွက်လာတာ မြင်လိုက်ရပြီး ကားတစီးလည်း ကျင်းထဲ ကျွံကျသွားတာ မြင်လိုက်ရတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။ ပတ်ဝန်းကျင်က မိသားစုဝင် ၈၀၀ ကျော်လည်း လျှပ်စစ်မီး ဖြတ်တောက်ခံထားရပါတယ်။ လူ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပေမယ့် အဲ့ဒီနေရာကို ရှောင်ကွင်းသွားလာကြဖို့ အာဏာပိုင်တွေက သတိပေး ညွှန်ကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up