A d v e r t i s e m e n t With Us

မြန်မာအသင်းပါဝင်သည့် အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်

၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ အုပ်စု ဂ မှာ မြန်မာအသင်းဟာ ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန်အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို လာမယ့်နှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။ လက်ရှိချန်ပီယံ ဂျပန်အသင်းနဲ့အတူ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်အသင်းတို့ဟာ တိုက်ရိုက်ကစားခွင့် ရထားပြီး ကျန်အသင်းတွေက ခြေစစ်ပွဲကနေ ၀င်ရောက်ရမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲစဉ်တွေကို လာမယ့် အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၆ ရက်ထိ ပြုလုပ်သွားမှာပါ။ အုပ် ဂ မှာ ပါဝင်နေတဲ့ မြန်မာ၊ ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန် အသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်တွေကို နိုဝင်ဘာ ၂ ရက်မှ ၆ ရက်ထိ ထိုင်းနိုင်ငံက လက်ခံကျင်းပမှာပါ။ အသင်း ၁၈ သင်း ပါဝင်မယ့် ခြေစစ်ပွဲမှာ အုပ်စုတခုစီက အမှတ်အများဆုံးရရှိတဲ့ အုပ်စု ထိပ်ဆုံးအသင်းတသင်းစီသာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကစားခွင့်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up