ရေတံခွန်ထဲ ပြုတ်ကျသည့် ဆယ်ကျော်သက်လူငယ်ကို ကယ်တင် (ရုပ်သံ)
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်က ရေတံခွန်ထဲကို ပြုတ်ကျခဲ့တဲ့ ဆယ်ကျော်သက်တဦးကို ဇွန် ၈ ရက်နေ့က ကယ်တင်လိုက်နိုင်တယ်လို့ ဒေသခံ ရုပ်သံ အန်ဘီစီက အစီရင်ခံပါတယ်။
အသက် ၁၉ နှစ်အရွယ် အမျိုးသားဟာ ရေတံခွန်အထက်ပိုင်းမှာ ရေကူးနေတုန်း အားကောင်းတဲ့ ရေစီးကြောင်းက သူ့ကို ဆွဲချသွားခဲ့တာပါ။
ဂရင်းဗီလီ မီးသတ်ဌာန ကယ်ဆယ်ရေးတပ်ဖွဲ့က သူ အပေါ်ပြန်တက်လာနိုင်အောင် ကြိုးတွေသုံးပြီး ကယ်ခဲ့ပုံကို ဒါဇင်နဲ့ချီတဲ့ လူတွေ စုရုံးစောင့်ကြည့်ခဲ့ကြပါတယ်။
ဒီမတော်တဆမှုမှာ သူက ဒဏ်ရာမရခဲ့ဘူးလို့ အန်ဘီစီရုပ်သံက ပြောပါတယ်။