မန်ယူကွင်းလယ်လူ ကာရစ် စာချုပ်တနှစ် သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
မန်ယူအသင်း ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်ဟာ အသင်းနဲ့ တနှစ်စာချုပ် သက်တမ်းတိုးဖို့ သဘောတူလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကာရစ်ဟာ ၂၀၀၆ မှာ တော့တင်ဟမ် ဟော့စပါး အသင်းကနေ မန်ယူကို ရောက်ရှိလာတာပါ။ ကာရစ်ဟာ မန်ယူအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၄၂ ပွဲ ကစားပေးထားပါတယ်။ နည်းပြ မော်ရင်ဟို လက်ထက်မှာ ကစားဖို့ အခွင့်အရေးရတာ မယုံကြည်နိုင်စရာ ကောင်းအောင် ၀မ်းသာပါတယ်လို့ သူက ပြောပါတယ်။ မန်ယူနည်းပြသစ်ကတော့ ကွင်းလယ်လူ ကာရစ်ဟာ အတွေ့အကြုံနဲ့ ဗဟုသုတတွေ ရှိတဲ့အတွက် တန်ဖိုးရှိတယ်လို့ ပြောပါတယ်။ အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်း ကာရစ်ဟာ ၁၀ နှစ်အတွင်းမှာ မန်ယူအတွက် ပွဲပေါင်း ၄၂၁ ပွဲ ကစားပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up