A d v e r t i s e m e n t With Us

ဗီယက်နမ်တွင် လျှပ်စစ်တက္ကစီများဖြင့် အစားထိုးရေး ကြိုးပမ်း

ဗီယက်နိုင်ငံ ဟိုချီမင်းမြို့အခြေစိုက် ဟိုဟွိုင်ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီက နိုင်ငံတ၀န်းမှာ ဓာတ်ဆီအသုံးပြု ပြေးဆွဲနေတဲ့ တက္ကစီအစီးရေပေါင်း ၁ သောင်းရဲ့နေရာမှာ လျပ်စစ်ဓာတ်အားသုံး တက္ကစီတွေနဲ့ အစားထိုးပြေးဆွဲနိုင်ဖို့ ကြိုးစားနေကြောင်း Thanhnien သတင်းက ရေးပါတယ်။ ဒီအစီအစဉ်အထမြောက်ရင် ဆယ်နှစ်တာကာလအတွင်း တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၃၄ သန်းတန်ကြေးနဲ့ ညီမျှတဲ့ဓာတ်ဆီ လီတာပေါင်း ၄၀၆ သန်းကို သက်သာစေလိမ့်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒီအစီအစဉ်ဟာ မော်တော်ကားတွေကနေ ထွက်ရှိတဲ့ မီးခိုးထုတ်လွှတ်မှု ပမာဏတန်ချိန် ၉ သိန်း ၄ သောင်းကိုလည်း လျော့ကျစေမှာဖြစ်သလို စွမ်းအင်ကုန်ကျစရိတ်ကလည် ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ သက်သာစေမယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်အကောင်အထည်ဖော်ဖို့အတွက် ရန်ပုံငွေရရှိရေးနဲ့ လျှပ်စစ်တက္ကစီ ကားတွေကို ဘယ်နိုင်ငံကနေ တင်သွင်းမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကုမ္ပဏီက မပြောပါဘူး။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အေဂျင်စီတွေထံက အပြုသဘောတုံ့ပြန်ချက်ရရှိခဲ့ပါတယ်။ ကနဦးပိုင်းအနေနဲ့ လျပ်စစ်တက္ကစီကား အစီးတရာကို စမ်းသပ်ပြေးဆွဲဖို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာဌာနက အစိုးရကို အကြံပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up