A d v e r t i s e m e n t With Us

ထိုင်းဘုရင် နန်းတက်ခြင်း နှစ်ပေါင်း ၇၀ ပြည့်အခမ်းအနားများ တနိုင်ငံလုံးကျင်းပ

ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်တဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အဒွန်ရာဒေ့ခ်ျ ရဲ့ နန်းသက် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွေနဲ့ ဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းမှာ ဒီကနေ့ ကျင်းပပါတယ်။ ဘုရင်နန်းတက်နေ့ အထိမ်းအမှတ် သံဃာတော်အပါး ၇၇၀ ဆွမ်းကပ်လှူဒါန်းတာနဲ့ ထိုင်းဘုရင်ကြီးရဲ့ ရုပ်ပုံပိုစတာကြီးတွေကို မြို့တော် ဘန်ကောက်အပါဝင် မြို့တွေ နယ်တွေ အသီးသီးက အထင်ကရနေရာတွေမှာ စိုက်ထူ ဆုတောင်းပွဲတွေ ကျင်းပခဲ့ပါတယ်။ ဘုရင့်နန်းတော်ရှေ့မှာ ကျင်းပတဲ့ အဆိုပါ ဆုတောင်းပွဲမှာ ဘာသာပေါင်းစုံကပါ ပါဝင်ဆင်နွှဲဆုတောင်းပေးခဲ့ကြပါတယ်။ ထိုင်းအမျိုးသားဗဟိုဘဏ်ကလည်း ဘုရင်နန်းသက် ၇၀ ပြည့်အထိမ်းအမှတ် ဘတ် ၇၀ တန် ငွေစက္ကူကို ရွက်ရေ သန်းပေါင်း ၂၀ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဆိုပါ အထိမ်းအမှတ်ငွေစက္ကူကို တစ်ရွက်လျှင် ဘတ် ၁၀၀ နှုန်းနဲ့  ဇွန်လ ၉ ရက် မှ ၁၀ ရက်နေ့ထိ စီးပွားရေးဘဏ်တွေမှာ ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် အမှတ် ၁ မှ စစ်သည်တော် ၄၀၀ ဟာလည်း  ၇၀ ဂဏန်းပုံစံရော ဘုရင်ကြီးသက်တော်ရှည်ပါစေဆိုတဲ့ စာလုံးပုံစံဖော်ကာ  ချီတက်အလေးပြုခဲ့ကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up