A d v e r t i s e m e n t With Us

ထိုင်းသွားလည်လျှင် သတိရှိရန် စင်ကာပူနိုင်ငံသားများကို သတိပေး

အရင်နှစ်က ခရီးသွားတွေ သွားရောက်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို သွားရောက်မယ့် စင်ကာပူနိုင်ငံသားတွေအနေနဲ့ သတိရှိရှိနေကြဖို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အက်ဖ်အေ) က ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အမ်အက်ဖ်အေ ၀န်ကြီးဌာနမှာ ခရီးထွက်မယ့် နိုင်ငံသားတွေ မှတ်ပုံတင်ဖို့လည်း အမ်အက်ဖ်အေက ထုတ်ပြန်တယ်လို့ ဇွန် ၉ ရက် ချာနယ်နယူး သတင်းစာမှာ ရေးပါတယ်။ လိုအပ်တဲ့ အရေးပေါ် အကူအညီတွေကိုလည်း ဘန်ကောက်က စင်ကာပူသံရုံးကို ဆက်သွယ် တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအတွက် လိုအပ်တဲ့ ကြိုတင်သတိပေးချက်တွေကိုလည်း ပြင်ဆင်သွားဖို့ ဇွန် ၇ ရက်က အမ်အက်ဖ်အေက သတိပေးထားပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ် ဘန်ကောက် မိုးပျံရထား ဆီယမ်ဘူတာရုံမှာ ပေါက်ကွဲတဲ့ ဖြစ်ရပ်၊ ဧပြီ ၁၀ ရက် ကော့စမူ ဆင်ထရာ ဖတ်စ်တေးဝါး ဈေးဝယ်စင်တာ အောက်ထပ် ကားရပ်နားရာနေရာမှာ ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သတင်းမှာ ဖော်ပြရေးသားထားပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ဧရာဝဏ်နတ်ကွန်း ပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ စင်ကာပူနိုင်ငံသားတဦး သေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရတဲ့ ဖြစ်ရပ်တွေကိုလည်း ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up